April 8, 2015

London Eye


ဓါတ်ပုံ မရိုက်ဖြစ်တာလဲ အတော်ကြာပြီ။ ကြာဆို အလုပ် တစ်ဖက်၊ ကျောင်းတစ်ဖက်၊ မိသားစု တစ်ဖက် နဲ့ မို့ လူက ခုနှစ်ရက် တစ်ပါတ်လုံးကို မအားနိုင်ဘူး ဖြစ်နေတယ်။ ဟိုး အရင် အားခဲ့တဲ့ အချိန်တုန်းက သွား၊ လာ၊ ရိုက်ကူး ခဲ့တာလေးတွေကို ကင်မရာထဲမှာ ပြန်တွေ့လို့ တင်လိုက်တယ်။


January 17, 2015

Recent visit to Richmond Park


Last week I went to Richmond park and haven't take any special photo because of just there for walking and spent times with my family. But I did a few shoot for my son and deer from the park. it's very nice to walking in the park while weather is perfectly fine. Here are a few shoot and hope you like those images.


April 30, 2014

Double decker buses and a man


Old routemaster double decker buses and a man. Double decker bus which had been decommissioned from service but today they carries commuters during tube strikes.


March 17, 2014

16 March 2014 (Diary)


ကိုယ့်အမြင်ကတော့ လူကြီးလူကောင်း ဆိုတဲ့ လူတွေချည်းပဲ ရိသဲ့ လှောင်ပြောင်နေတဲ့ ခေတ်ကြီး ပါလား ဟရို့...။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ပိုင်ခွင့်နဲ့ ရိသဲ့ လှောင်ပြောင်တာက တစ်သီး တစ်ခြားဆီပဲ။ တစ်ယောက်နဲ့ တစ်ယောက် လှောင်ကြ၊ ပြောင်ကြ၊ ဒေါသ တွေနဲ့ပြန်လည် ပြောဆိုကြနဲ့ နောက်ဆုံးမှာ ထွက်လာတဲ့ အဖြေက အနှုတ် လက္ခဏာပဲ။

နောက်တစ်ခုက ကိုယ်က အကြောင်းရာ တစ်ခုကို လှောင်လိုက်၊ ပြောင်လိုက် ပေမယ့်လို့ ဂဃနဏ မသိတဲ့ တစ်စုံတစ်ယောက် အပေါ်ကို အဲဒီ့ ရိသဲ့သဲ့၊ လှောင်ခြင်း၊ ပြောင်ခြင်း အကြောင်းအရာက influence ဖြစ်သွားမယ်ဆိုရင် တစ်ယောက်က စ လို့ နောက်ထပ် လူများစွာထိ အမုန်းမီးတွေ တောက်လောင် စေနိုင်တဲ့၊ သက်ရောက်နိုင်တဲ့ အကုသိုလ် တရားတပါး လို့ပဲ ယူဆမိတယ်။

ရိသဲ့သဲ့ ပြောတာ၊ လှောင်တာ၊ ပြောင်တာကို ဒေါသ မဖြစ်အောင် နေထိုင်ခြင်း၊ ကိုယ်ပြုမြဲ ကိစ္စ တွေကို ပြုလုပ်ခြင်း၊ မယိမ်းမယို်င်ပဲ ကိုယ်အလိုရှိရာ ပန်းတိုင်ကို ရောက်အောင်သွားနိုင်ခြင်း တွေကိုလည်းပဲ သူတော်ကောင်း တရားတွေလိုပဲ လက်ခံ ကျင့်သုံး နေထိုင်ရမယ်။